MNP ၊ ဇူလိုင် ၁၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုန်းပြည်နယ်၊ ရှန်းကျန့်မြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့မှ (၅)ရက်နေ့အထိ ကျင်းပခဲ့သည့် China-ASEAN Industrial Partnering Forum သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်း ပါဝင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ Industry and Information Technology Bureau of Shenzhen Municipality မှ ညွှန်ကြားရေးမှူးချုပ် Mr. Yu Xiquan ၊ Service Bureau for Small and Medium-sized Enterprises of Shenzhen Municipality မှ ညွှန်ကြားရေးမှူး Mr. Lv Zhe (ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဆင့်)၊ ကွမ်ကျိုးမြို့အခြေစိုက် ထိုင်းကောင်စစ်ဝန်ချုပ်ရုံးမှ ဒုတိယ ကောင်စစ်ဝန်ချုပ်၊ ရှန်းကျန့်မြို့မှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တရုတ်နှင့် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ခရီးစဉ်အတွင်း ကောင်စစ်ဝန်ချုပ်သည် စီးပွားရေးသံမှူး ဒေါ်ကေခိုင်ကျော် လိုက်ပါလျက် precision PCB, placement equipment, 3c special placement equipment , LED special equipment များ ထုတ်လုပ်သည့် Shenzhen Luyuan intelligent equipment Co., Ltd သို့ သွားရောက်လေ့လာခဲ့ကာ မြန်မာနိုင်ငံရှိ သီလဝါအထူးစီးပွားရေးဇုန်၌ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံမှ ဖိုရမ်သို့ တက်ရောက်လာကြသည့် ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ MATA Motor မှ ဒါရိုက်တာ၊ Super Seven Stars Holding Co.,Ltd မှ ဥက္ကဋ္ဌ တို့နှင့် လည်းကောင်း၊ ရှန်းကျန့်မြို့မှ Shenzhen Ligoo New Energy Technologies Co.,Ltd၊ Shenzhen U-linking Technology Co.,Ltd၊ ZI Chuang Optics (Shenzhen) Energy Conservation Technology Group Co,.Ltd စသည့် တရုတ် စီးပွားရေးလုပ်ငန်းရှင်များနှင့် လည်းကောင်း တွေ့ဆုံ၍ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပြီး နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment