မြို့သစ်မြို့နယ်တွင် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့ တိုက်ရိုက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်တွင် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့ တိုက်ရိုက်ရောင်းချပေး


MNP ၊ ဇူလိုင် ၂၄      

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့ တိုက်ရိုက်ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ယမန်နေ့ နံနက်(၇)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။


တန်ဖိုးသင့် အခြေခံစားသောက်ကုန်များရောင်းချရာတွင် ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ဆန်တစ်ပြည် ၂၅၀၀/-၊ ဆီတစ်ပိဿာ ၈၀၀၀/-၊ ကြက်ဉ (၅)လုံး ၁၀၀၀/၊ အာလူး တစ်ပိဿာ (၃၀၀၀/-)၊ ကြက်သွန်နီတစ်ပိဿာလျှင် (၄၀၀၀/-) ကျပ်နှုန်းဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက တိုက်ရိုက်ရောင်းချပေးခဲ့ကြောင်း သိရသည်။


ဝင်းအိဇွန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)