MNP ၊ ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ၆၀၀၆ တင့်ကားတပ်ရင်း ဗျူဟာမှူး၏ လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား မွမ်းမံသင်တန်းများဖြင့် အဆင့်မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
ဆရာတော် ဦးဝါသဝ က"ဆရာတော်အနေနဲ့ကတော့ အခုထိလည်း ပြည်သူ့စစ်မဖွဲ့စည်းနိုင်သေးတဲ့ ကျေးရွာတွေမှာ ဖွဲ့စည်းနိုင်ဖို့ လိုက်လံစည်းရုံးဆောင်ရွက်နေတာ ရှိပါတယ်။ ဆရာတော်အနေနဲ့ အခုလို လှည့်လည်သွားလာနေရတာကိုလည်း တာဝန်ရှိတဲ့ ဗျူဟာမှူး၊ ခရိုင်မှူးတို့ အားလုံးကပါ လုံခြုံရေးဆိုင်ရာ ကူညီပေးတယ်။ ဆရာတော်နဲ့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုက်ပါဆောင်ရွက်ကြဖို့ စီစဉ်ပေးပါတယ်။ အခု ပြည်သူ့စစ်တွေကို မွမ်းမံသင်တန်းပေးဖို့ကိုတော့ ဆရာတော်ကလည်း တင်ပြထားတဲ့အတွက် ဆောင်ရွက်ပေးပါတယ်။ အဓိကအားဖြင့် ပြည်သူ့စစ်ဆိုတာ ရပ်ရွာကို ကာကွယ်ဖို့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ဆရာတော်တို့ ဒေသမှာက KIA/PDF လို အကြမ်းဖက်အဖွဲ့တွေက လက်နက်ကိုင်ပြီး ဒေသခံပြည်သူလူထုအပေါ် နိုင့်ထက်စီးနင်း ပြုနေတဲ့အခါမျိုးမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ရဲ့ မူလရည်ရွယ်ချက်ပျောက်ပြီး လမ်းမှား မရောက်အောင်၊ တပ်မတော်နဲ့အတူ ဒေသကာကွယ်ရေးမှာ စည်းကမ်းတကျ ဖြစ်အောင် အခုလို မွမ်းမံသင်တန်း ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်" ဟု မိန့်ကြားသည်။
ကန့်ဘလူမြို့နယ်အတွင်း ပြည်သူ့စစ်များဖွဲ့စည်းဆောင်ရွက်နိုင်ခြင်းကြောင့် KIA/PDF အန္တရာယ် လျှော့ပါးလာပြီး ပြည်သူ့စစ်ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့် အစွန်အဖျားကျေးရွာများတွင် KIA/PDF များ ပြန်လည်ခိုအောင်း လှုပ်ရှားလျှက်ရှိကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment