မော်လမြိုင်ကျွန်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အခွန်လွတ်စျေးဖွင့်လှစ်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အခွန်လွတ်စျေးဖွင့်လှစ်ရောင်းချ






MNP ၊   ဇူလိုင် ၁

          ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ဦးဆောင်မှုဖြင့် အမှတ်(၁၃)ရပ်ကွက်၌ အခွန်လွတ်စျေးသစ်ဖွင့်လှစ်ရောင်းချခြင်းကို ဇူလိုင် ၁ရက်နေ့ နံနက် ၇နာရီအချိန်က ပြုလုပ်ဆောင်ရွက်ကြောင်းသိရသည်။


          ယင်း အခွန်လွတ်စျေးသစ်ဖွင့်လှစ်ရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှတာဝန်ရှိသူများ၊တက်ရောက်ကြပြီး အခွန်လွတ်စျေးတည်ဆောက်ထားမူနှင့်ပြည်သူများ စျေးရောင်း၊စျေးဝယ်ပြုလုပ်နေခြင်းအားလေ့ကြည့်ရှူခဲ့ကြသည်။

                 

         ဆက်လက်၍ အခွန်လွတ်စျေးဖွင့်လှစ်ရောင်းချရခြင်းနှင့်ပတ်သတ်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီကဒေသခံပြည်သူများအခြေခံစားသောက် ကုန်များကိုစျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိူင်ရေးအတွက် အဓိကရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်သည်။ 


          ယခုအခွန်လွတ်စျေးကို ဆိုင်ခန်းပေါင်း၂၄ခန်းဖြင့်စတင်တည်ဆောက်ထားမှုအတွက် ရောင်းချလိုသော စျေးသည်အရေအတွက်မှာများပြားနေသည့်အတွက် မဲစနစ်ဖြင့်ရောင်းချခွင့်ပြုရခြင်းဖြစ်သည်။ အခွန်လွတ်စျေးအနီးရှိ ရပ်ကွက်နေပြည်သူများအားအခြေခံစားသောက်ကုန်များကိုစျေးနှုန်းသက်သာစွာဖြင့်လွယ်ကူစွာဝယ်ယူ စားသုံးနိုင်ရေးအတွက် အသား၊ ငါး၊ပုဇွန်၊ ကြက်ဥဘဲဥ၊ ကုန်စိမ်းကုန်ခြောက်ဆိုင်များ၊.အဝတ်အထည်ရောင်းချသည့် ဆိုင်များဖြင့်ပြည့်စုံစွာရောင်းချလျက်ရှိကြောင်းနှင့် စျေးရောင်း၊ စျေးဝယ်ပြည်သူများအစဥ်ပြေစွာရောင်းဝယ်နိုင်ကြရန် ကျန်ရှိနေသော စျေးတန်းအားဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းဇော် က ရှင်းလင်းပြောကြားသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)