တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့်(၉၆)နှစ်မြောက် အခမ်း အနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့်(၉၆)နှစ်မြောက် အခမ်း အနားကျင်းပ

018


MNP ၊ ဇူလိုင် ၁၉

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်သည့် (၉၆)နှစ်မြောက် အခမ်း အနားကို ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ကြီး H.E.Mr. Chen Hai ၊ စစ်သံမှူး Senior Colonel Wang Wei ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။


ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် အဆိုပါအခမ်းအနားကျင်းပသည့်နေရာသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူးနှင့် သံရုံး မိသားစုဝင်များမှ ကြိုဆိုနှုတ်ဆက်ကြသည်။


အစီအစဉ်အရ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် နိုင်ငံတော် သီချင်းတို့ဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် (၉၆) နှစ်မြောက် အခမ်းအနားကို ဖွင့်လှစ်သည်။  ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Wang Wei က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား သည်။


ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် စစ်သံမှူးတို့က အထိမ်းအမှတ်ကိတ်မုန့်အား လှီးဖြတ်ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံများ ရိုက်ကြသည်။


ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် စစ်သံမှူးတို့က တက်ရောက်လာကြသူများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages