မအီမြို့ ဂျီဖြူတောင်ကျးရွာအုပ်စု၌ စိုက်ပျိုးသီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ ဂျီဖြူတောင်ကျးရွာအုပ်စု၌ စိုက်ပျိုးသီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်








MNP ၊ ဇူလိုင် ၁၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကျေးရွာအုပ်စုများအတွင်း စိုက်ပျိုးသီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် လယ်ယာမြေများ အချိန်မီထွန်ယက်ပြီး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက်နှုန်း တိုးတက်မြင့်မားရေးတို့အတွက် စိုက်ပျိုးရေး ကြီးကြပ်အဖွဲ့မှ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ အကျိုးဆောင်တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ ဥက္ကဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ အတွင်းရေးမှူး၊ မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်စိုးမင်းက ဂျီဖြူတောင်ကျေးရွာအုပ်စု၊ ကင်းခြေကျေးရွာ၌ အကျိုးဆောင်တောင်သူ ဦးနိုင်နိုင်စိုက်ပျိုးနေသော Rs - Cs မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုများနှင့် ကျောက်ကြီးပေါက်ကျေးရွာ၌ တောင်သူဦးဖိုးစံ စိုက်ပျိုးနေသော ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးရန် ပျိုးထောင်ထားသည့် စပါးပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုတို့အား စိုက်ပျိုးရေးကြီးကြပ်အဖွဲ့အား ပြသခဲ့သည်။  ထို့နောက်  မိုးစပါး တစ်ဧက ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်ထားသည့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များနှင့်အညီ ကောက်ကွက်ပြည့်မီစွာ စိုက်ပျိုးနိုင်‌ရေးနှင့် သွင်းအားစုများ အချိန်ကိုက်အချိုးကျ အသုံးပြုနိုင်ရေးတို့ကို အကျိုးဆောင် စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ၍ ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။


မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မိုးစပါးကို(၃၀၃၅၀)ဧကနှင့် မိုရာသီ သီးနှံမျိုးစုံဧက (၃၁၈၆၇)ဧက စိုက်ပျိုးထားရှိပြီး ယခုနှစ်မိုးရာသီတွင် မိုးစပါးအထွက်နှုန်း ပိုမိုထွက်ရှိရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်စိုးမင်းက သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)