MNP ၊ ဇူလိုင် ၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)တွင် ပြုလုပ်သည့်ပုံပြင်ပြောပြိုင်ပွဲ ၌ ဆုရရှိသူအားဆုချီးမြှင့်ပွဲကို ဇူလိုင်(၃)ရက် မွန်းလွဲ(၂)နာရီတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိဒေါ်သန်းသန်းမော် က ပြိုင်ပွဲပြုလုပ်သည့်ရည်ရွယ်ချက်နှင့်ဆုရွေးချယ်မှုအစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်း မော် နှင့် မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌဒေါ်သန်းသန်းစိုးတို့က ပုံပြင်ပြောပြိုင်ပွဲ ၌အထူးဆု(၁)ရရှိသော ကျိုက်ထိုမြို့မူလွန်အမှတ် (၂) ကျောင်းမှ ဆဌမတန်းကျောင်းသူ မမေရှုမငြီး အား ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment