MNP ၊ ဇူလိုင် ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် အကြိုအခြေခံမီးသတ်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က ပေါင်မြို့နယ် ၊မုတ္တမကျေးရွာ နယ်မြေမီးသတ်စခန်း မဂဒူးခန်းမ ၌ ကျင်းပသည်။
အခမ်းအနားတွင် မုတ္တမကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးတင့်က သင်တန်းပြုလုပ်ပေးရသည့်ရည်ရွယ်ချက်နှင့် စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှင်းလင်းအမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ကိုကို က သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များထံ တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို ပေါင်မြို့နယ်၊မုတ္တမနယ်မြေ မီးသတ်စခန်း၌ ဇူလိုင်လ (၃) ရက်နေ့မှ (၂၈ )ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင် ( ၃၅ ) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment