Pages

Pages

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မြောင်းမြမြို့ ကျွန်းတောတံတားဖွင့်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်





MNP ၊   ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ ဒီးဒုတ်ဦးဘချိုလမ်း၊ ကျွန်းတောတံတားဖွင့်ပွဲ မင်္ဂလာအခမ်းအနားသို့ ယမန်နေ့နံနက် ၈:၃၀ အချိန်က တက်ရောက်ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ စည်ပင်သာယာရေးအဖွဲ့  ညွှန်ကြားရေးမှူး ဦးဘုန်းလွင်၊  အင်ဂျင်နီယာချုပ်(ငြိမ်း) (တံတား) ဦးခင်မောင်အေး၊ Su Tint Htun Co.Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဇာနည်တင့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျွန်းတောတံတား ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား အမွေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး တံတားဖွင့်ပွဲ အထိမ်းအမှတ်  လက်ဆောင်ပေးအပ်ပါသည်။  ဆက်လက်ပြီး တံတားဖွင့်ပွဲ အထိမ်းအမှတ် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက  ကျွန်းတောတံတားအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


အဆိုပါ ကျွန်းတောတံတားကို Su Tint Htun Co.Ltd မှ တာဝန်ယူ၍ ၂၀၂၃ ခုနှစ် မေလ ၄ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့တွင် တံတားဖွင့်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment