ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း သီးနှံထုတ်ကုန်များအား ပြည်ပဈေးကွက်သို့ အချိန်မီတင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးမိတ်ဆုံစားပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း သီးနှံထုတ်ကုန်များအား ပြည်ပဈေးကွက်သို့ အချိန်မီတင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးမိတ်ဆုံစားပွဲ ကျင်းပပြုလုပ်



MNP ၊ ဇူလိုင် ၂၇      

ကချင်ပြည်နယ်အတွင်းမှ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် တစ်သျှူးငှက်ပျော၊ ငရုတ်၊ ပြောင်း၊ ပဲအမျိုးမျိုးတို့အား မြန်မာ-တရုတ်နယ်စပ် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိရာ အဆိုပါသီးနှံများအား အချိန်မီတင်ပို့နိုင်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်းတာဝန်ရှိသူများနှင့် ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


ထိုသို့ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကံပိုင်တည်နယ်စပ်ကုန်သွယ် ရေးစခန်းမှတစ်ဆင့် ပြည်နယ်၏ စိုက်ပျိုးရေးထွက်ကုန်သီးနှံများကို အချိန်မီတင်ပို့နိုင်ရေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်သီးနှံဖြစ်သည့်အတွက် ပျက်စီးမှုမရှိစေရေးနှင့် အချိန်မီတင်ပို့နိုင်ရေး ဆောင်ရွက်ရာတွင် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုလုပ်ငန်းဖြစ်သဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို လေးစားလိုက်နာပြီး အားလုံးက ညှိနှိုင်းဆွေးနွေး၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်အကောက်ခွန်ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနများမှ တာဝန်ရှိသူများက ဦးစီးဌာနများအလိုက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမိန့်ညွှန်ကြားချက်၊ သတင်းလွှာပါအချက်များအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်းနှင့်ဆက်စပ်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကုန်သွယ်ရေးဦးစီးဌာန ပို့ကုန်/သွင်း ကုန်သတင်း လွှာပါအချက်များ၊ အကောက်ခွန်ဦးစီးဌာနတို့မှ အမိန့်ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ဖြေလျော့ ညှိနှိုင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ ၎င်းတို့၏မိတ်ဖက် ထိန်ချုံးအပြည်ပြည်ဆိုင်ရာ ကုန်သည် ကြီးများအသင်းနှင့် ပေါင်းစပ်လုပ်ကိုင်လျက်ရှိသည့် ပို့ကုန်/သွင်းကုန်လုပ်ငန်းများနှင့် ရင်ဆိုင်တွေ့ကြုံ ရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဖြည့်စွက် သုံးသပ်ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ယခုလို စေ့စပ်ညှိနှိုင်းခြင်း၊ တွေ့ဆုံပေါင်းစပ်ခြင်းဖြင့် အတူတကွ အဖြေရှာရမည့်အပြင် တည်ဆဲဥပဒေများအပေါ် အလေးထားလိုက်နာဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းတည့် ၁၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့်အတူ မိတ်ဆုံစားပွဲသို့တက်ရောက်ပြီး ယခုလို မိတ်ဆုံစားပွဲကို ကျင်းပပေးခြင်းဖြင့် အစိုးရအဖွဲ့ဝင်များနှင့် ဝန်ထမ်းများအကြား ရင်းနှီးနွေးထွေးမှုကိုရရှိစေပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အထက်အောက်ဆက်ဆံရေး ပိုမိုကောင်းမွန်စေသည့် အပြင် အပြန်အလှန် ရင်းနှီးတက်ကြွစွာဖြင့် နိုင်ငံနှင့်ပြည်နယ်အကျိုးကို ပိုမိုကောင်းမွန်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားကာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ အရာထမ်း/အမှုထမ်း ဝန်ထမ်းများသည် နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)