ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ




MNP ၊ ဇူလိုင် ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေ းကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။


ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည်  ရွာမကျေးရွာ၊ နယ်စပ်ဒေသဂန္ဓရီ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ သင်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုပြီး အားပေးစကားများ ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့ပြင် ဂန္ဓရီကျေးရွာရှိ ဒေသခံပြည်သူများအား ပြန်လည် ထူထောင်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ဒုတိယအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ကာ အားပေးစကားများ ပြောကြားသည်။ထို့နောက် ကုလားတန် (၃)ရေယာဉ်ဖြင့် ရောက်ရှိလာသော လေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ ပစ္စည်းများအား မီးရထားဆိပ်ရပ်ကွက်ရှိ၊ စားသုံးသူရေးရာ ဂိုဒေါင်အတွင်း စနစ်တကျ ထားရှိမှုအား သွားရောက်ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


အလားတူ မြောက်ဦးမြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးသွား သော ကျေးရွာအုပ်စု(၁၂)အုပ်စုမှ မုန်တိုင်းသင့်တောင်သူများထံသို့ GW-11  မျိုးစပါး တင်း (၉၀၀) ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့အတူ မောင်တောမြို့သို့ရောက်ရှိနေသည် ဗိုလ်မှူးချုပ် တင်ဆွေ နှင့် တာဝန်ရှိသူများသည် မောင်တောမြို့ရှိ ကုတင် ၁၀၀ ဆံ့ ခရိုင်ပြည့်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှုခံယူနေကြသည့်  ဒေသခံပြည်သူများကို အားပေး စကားပြောကြားပြီး အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သော အခြေခံစာရင်းဇယား ရေးဆွဲနည်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်၍ စာရေးဝန်ထမ်းများ အခြေခံ စာရင်းဇယားရေးဆွဲနည်း သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲသို့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)