သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ကြေညာချက်အမှတ် ၃ / ၂၀၂၃

၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၂ ရက်

( ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် )


၁။ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

၂။ အဆိုပါ မြို့နယ်များကို ပုံမှန်အနေအထားသို့ အပြည့်အဝပြန်လည်ရောက်ရှိလာစေရန် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အချိန်ကာလဖြစ်ပါသဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနည်းဥပဒေ ပုဒ်မ ၂၆ အရ ၁၅-၇-၂၀၂၃ ရက်နေ့မှ ၁၄- ၉ -၂၀၂၃ ရက်နေ့အထိ သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာလိုက်သည်။

၃။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ဖြစ်ပါသည်။


(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)