Pages

Pages

ငပုတောမြို့၌ မြန်မာ့အမျိုးသမီးများနေ့အထိမ်းအမှတ်အကြို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ




MNP ၊   ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။


ဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးစိုးတင့်က သစ်ပင်စိုက်ပျိုးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြာပြီး စိုက်ပျိုးမည့်သစ်ပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များက ဌာနဆိုင်ရာများမှတာဝန်ရှိသူများအား ဆက်လက်ပေးအပ်ခဲ့ကာ သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


အဆိုပါ မိုးရာသီစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ မြို့နယ်ဦးစီးအရာရှိ ဦးစိုးတင့်နှင့်ဝန်ထမ်းများ ၊ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊  ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်၍ မန်ဂျန်ရှား(၁၅၀)ပင်၊ ပျဥ်းဂတိုး(၁၅၀)ပင် စုစုပေါင်းပျိုးပင်(၃၀၀)ခန့်အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment