နမ့်ဆန်မြို့နယ်တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ်တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP ၊ ဇူလိုင် ၁၇

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြို့နယ်မီသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုအသင်းတို့ ပူးပေါင်း၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့နံနက်(၉)နရီအချိန်က အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းနိုင်ဇော်မှ သဘာဝဘေးအန္တရာယ်မကျရောက်မီ၊ ကျရောက်ဆဲ၊ ကျရောက်ပြီးပါက ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်ရှောင်ရန်အချက်များ၊ ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်လျှင် လုပ်ဆောင်ရမည့်အချက်များ၊ ကြိုတင်ပြင်ဆင် ကာကွယ်ရမည့်အချက်များနှင့် မုန်တိုင်းဘေးအန္တရာယ် အကြောင်းအရာများအား ဟောပြောခဲ့ပြီး၊  မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးခင်မောင်က ကြက်ခြေနီအသင်း အဖွဲ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများအား ရှင်းလင်းပြောကြားခြင်း၊ ကြက်ခြေနီအသင်းအဖွဲ့၏ လုပ်ငန်းဆောင်တာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ရာ ငလျင်ဘေးအန္တရာယ်ဖြစ်ပြီးနောက် ပျက်စီးနေသည့် အဆောက်အဦးကြားမှ လူနာများအား အသက်ကယ်ဆယ်ပုံ အဆင့်ဆင့်အားလက်တွေ့ သရုပ်ပြသခဲ့ပြီး၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ဦးသိန်းကျော်က မှိုင်းအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။


အဆိုပါ‌ဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းနိုင်ဇော်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးခင်မောင်နှင့် သူနာပြုတပ်ဖွဲ့ဝင်များ၊ ဆရာ/မများနှင့်ကျောင်းသား/သူ(၁၀၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)