ရန်ကုန်မြို့တွင်း သယ်ယူပိုဆောင်ရေးလုပ်ငန်းများ၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့တွင်း သယ်ယူပိုဆောင်ရေးလုပ်ငန်းများ၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကျင်းပ




MNP ၊   ဇူလိုင် ၁

ရန်ကုန်မြို့တွင်း သယ်ယူပိုဆောင်ရေးလုပ်ငန်းများ၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက် သည့် ဆွေးနွေးပွဲ အမှတ်စဉ်(၆/၂၀၂၃)ကို ၂၀၂၃-ခုနှစ် ဇွန်လ(၃၀)ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေ မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို‌ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို‌ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ဒုတိယဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ တာဝန် ရှိသူများ၊ ယာဥ်ထိန်းအင်ဂျင်နီယာဌာနခွဲ၊ ယာဉ်သွားလာမှုထိန်းချုပ်ရေးဗဟိုဌာနမှ တာဝန်ရှိသူများ၊ YBS ယာဉ်လိုင်း ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်  နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို‌ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် “ ယနေ့ YBSယာဉ်များ မီးနီဖြတ်မောင်းနေမှုများနှင့် ပတ်သက်၍ Control Centerမှ ဆောင်ရွက်နေမှုအခြေအနေများအား  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရှင်းပြဆွေးနွေးမည်ဖြစ်ပါကြောင်း၊ YBSစနစ် စတင်ပြောင်းလဲစဉ်ကတည်းက အများပိုင်ကုမ္ပဏီများ ဖြစ်ရမည်ဟု ရည်ရွယ်ချက်ထား ဆောင်ရွက်ခဲ့ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အများပိုင်ကုမ္ပဏီများ ဖြစ်လာသလို အများ ပိုင်ကုမ္ပဏီများအောက်မှ ငွေကျပ် ၂၀၀၀ ၊ ငွေကျပ် ၄၀၀၀ ပေးပြီး ပြေးဆွဲနေတဲ့ တစ်ဦးချင်းပိုင် ယာဉ်တွေရှိနေသည်ကို YRTC တာဝန်ယူတဲ့အချိန်မှာ တွေ့ရှိရပါကြောင်း၊ YRTC စတင်ဆောင်ရွက်ချိန်မှာလည်း ယာဉ်စီးခပိုတောင်းခြင်း၊ ခရီး သည်ကို ဝိုင်းရိုက်တာတွေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာတာတွေ၊ မီးနီဖြတ်မောင်းခြင်း ဖြစ်စဉ်တွေ အပေါ် စိစစ်လိုက်တဲ့အချိန်မှာ တစ်ဦးချင်းပိုင်ယာဉ်တွေ အဖြစ်များတာကို တွေ့ရပါကြောင်း၊ ဒါ့ကြောင့် အားလုံးစုပေါင်း ဆွေးနွေးချက်များအရ တစ်ဦးချင်းပိုင်ယာဉ်တွေဟာ အများပိုင်ကုမ္ပဏီအောက်ကို ဝင်ရမယ်ဆိုတဲ့ မူဝါဒချမှတ်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ YBSကုမွဏီများကို အများပိုင်ကုမ္ပဏီများဖြစ်အောင် ဖွဲ့စည်းဆောင်ရွက်စေခဲ့ပါကြောင်း၊ YRTC ရဲ့ ရည်ရွယ်ချက်(၁)ကတော့ တစ်ဦးချင်းပိုင် ယာဉ်များမရှိစေချင်ကြောင်း၊ ရည်ရွယ်ချက်(၂)ကတော့ အများပိုင် ကုမ္ပဏီ ဖြစ်လာရင် ဘဏ္ဍာရေးစည်းမျည်း၊ စည်းကမ်းတွေ သတ်မှတ်ထားတဲ့ စည်းမျည်း၊ စည်းကမ်းတွေအောက်မှာ စနစ်တကျ ရောက်သွားမှာဖြစ်တဲ့အတွက် YRTCအနေနဲ့ ဝင်ရောက်ကြပ်မတ် ပြောဆိုစရာမလိုကြောင်း၊ ဒီအတွက်ကြောင့် အများ ပိုင်ကုမ္ပဏီများဖြစ်အောာင် ဝိုင်းဝန်းတိုက်တွန်း အားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အများပိုင်ကုမ္ပဏီများ ပီပြင် စွာ ဖြစ်ပေါ်လာစေရေးမှာ ကုမ္ပဏီBODများ၏ တာဝန်ပင်ဖြစ်ပါကြောင်း ” စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။  


ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဒုတိယ ဌာနမှူးနှင့် ဉီးစီးအရာရှိတို့မှ E-police System, Traffic Violations မီးနီဖြတ်မောင်းမှုအား မှတ်သားဖမ်းဆီးနိုင်ခြင်း၊ Driving on the Lane Records ရပ်မျဉ်းများ၊ မျဉ်းသေများပေါ်တွင် မော်တော်ယာဉ်ရပ်နေခြင်းအား မှတ်သားဖမ်းဆီး နိုင်ခြင်း၊ သတ်မှတ်ယာဉ်ကြောမှ မမောင်းနှင်သော မော်တော်ယာဉ်များအား မှတ်သားဖမ်းဆီးနိုင်ခြင်း၊ Reverse Driving Records လမ်းပြောင်းပြန်‌မောင်းနှင်သော မော်တော်ယာဉ်များအား မှတ်သားဖမ်းဆီးနိုင်ခြင်း၊ Intelligent Monitoring System ကားရှေ့ခေါင်းခန်းမြင်ကွင်းကိုမြင်ရခြင်း၊ ယာဉ်မောင်းနှင်နေစဉ် စီးနင်းသူနှင့် မောင်းနှင်သူ ခါးပတ်ပတ်ထားခြင်း ရှိ/မရှိကို စစ်ဆေးနိုင်ခြင်း၊ နေ့စဉ်ယာဉ်သွားလာမှု ခရီးစဉ်မှတ်တမ်းကို မှတ်သားနိုင်ခြင်း၊ License Plate အားစစ်ဆေး နိုင်ခြင်း၊ Check Point သတ်မှတ်မိုင်နှုန်းထက်ကျော်လွန်မောင်းနှင်သောယာဉ်များအား မှတ်သားဖမ်းဆီးနိုင်ခြင်း (Over Speed)၊ မော်တော်ယာဉ် အကြီးအသေးအမျိူးအစားအား မှတ်သားနိုင်ခြင်း၊ မော်တော်ယာဉ် အရောင်အားခွဲခြားနိုင်ခြင်း၊ ယာဉ်မရပ်ရနေရာများနှင့် သတ်မှတ်နေရာများတွင် အချိန်ကြာမြင့်စွာ ရပ်နားခြင်းတို့အား မှတ်သားဖမ်းဆီးနိုင်ခြင်း၊ Surveillance Dome System ၃၆၀ ဒီဂရီလှည့်၍ ကြည့်ရှုနိုင်ခြင်း ၊ Zoom (အချုံ့အချဲ့) ၂၄ ဆချဲ့၍ ကြည့်ရှုနိုင်ခြင်း၊ Preset (လိုအပ်သောနေရာကိုကြိုတင်ချိန်ညှိ၍ ကြည့်ရှုနိုင်ခြင်း) အစရှိသည့် Traffic Violation Management System (TVMS) ၏ ဆောင်ရွက်မှုများအား Powerpoint ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဆွေနွေးပွဲသို့ တက်ရောက်လာသည့် YRTCမှ ကော်မတီဝင်များနှင့် YBSယာဉ်လိုင်းကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မီးပွိုင့်များဆိုင်ရာ အချက်အလက်များ၊ လမ်းညွှန်းအမှတ် အသားဆိုင်ရာများအား အပြန်အလှန် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)