စစ်ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများ၏ အန္တရာယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများ၏ အန္တရာယ်





 မင်းခန့်ကျော်(ဥပဒေ)

ယနေ့ကာလတွင် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့သည် စစ်ရာဇဝတ်မှုများ (War Crimes)ကျူးလွန်နေသည့် လက်နက်ကိုင် သောင်းကျန်းသူများနှင့် အကြမ်းဖက်မှုများကျူးလွန် နေသည့် အကြမ်းဖက်သမားများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လက်နက်ကိုင် သောင်းကျန်းမှုကို နှိမ်နင်းသည့်စစ်ဆင်ရေးများ ဆောင်ရွက်နေရ သလို အကြမ်းဖက်မှု

တိုက်ဖျက်သည့် စစ်ဆင်ရေးများကိုလည်း ဆောင်ရွက်နေရပါသည်။ တပ်မတော်သား များသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေဟု ယနေ့ခေတ်တွင် ခေါ်ဆို နေကြသည့် လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာဥပဒေများကို လေ့လာဆည်းပူးထားသည့် အားလျော်စွာ လက်နက်ကိုင်ပဋိပက္ခ အသွင်သဏ္ဌာန်ရှိသည့် သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်မှုများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက် ရှိပါသည်။ အရပ်သားများနှင့် အရပ်ဘက် ဆိုင်ရာများမဟုတ်သည့် စစ်ရေးရည်မှန်းချက်များနှင့် အကြမ်းဖက် သမားကိုသာ အဓိကထား တိုက်ခိုက်လျက်ရှိပါသည်။


ပြည်သူလူထု အဓိကထား အသုံးပြုသည့် လမ်းတံတားများဖျက်ဆီး

သို့ရာတွင် အချို့သော သောင်းကျန်းသူများသည် ခုခံတိုက်ခိုက်ခြင်းမရှိသည့် မြို့ရွာများကို ပစ်မှတ် ထားတိုက် ခိုက်ခြင်း၊ ပြည်သူလူထုက ပေးဆောင် ထားသည့် အခွန်ဘဏ္ဍာများဖြင့် တည်ဆောက်ထားပြီး ပြည်သူလူထုက အဓိကထား အသုံးပြုသည့် လမ်းတံတားများကို ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင် လျက်ရှိပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် စစ်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်ပါသည်။ စစ်ရာဇဝတ်မှုကို နိုင်ငံတကာရာဇဝတ် တရားရုံး ဥပဒေတွင် ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဆိုင်ရာ စစ်ရာဇဝတ်မှု၏ အင်္ဂါရပ်များအနက်မှ အဓိကကျ သည့်အချက်များကို ကောက်နုတ်တင်ပြ သွားပါမည်။

ဂျီနီဗာကွန်ဗင်းရှင်းများကို ကြီးလေးစွာ ချိုးဖောက်ခြင်းတွင်ပါဝင်သည့် အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ စစ်ရေးလိုအပ်ချက်အတွက် မဟုတ်ဘဲ ကြီးမားကျယ်ပြန့်စွာဖျက်ဆီးခြင်းနှင့် ပစ္စည်းဥစ္စာများကိုသိမ်းပိုက်ခြင်း တို့အား အကြောင်းမဲ့ တမင်လုပ်ဆောင်ခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင် လက်နက် ကိုင်ပဋိပက္ခဆိုင်ရာဥပဒေနှင့် ဓလေ့ထုံးစံများကို ချိုးဖောက်ခြင်းတွင်ပါဝင်သည့် အရပ်သားပြည်သူ လူထုသို့မဟုတ် တိုက်ပွဲ များတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိသည့် အရပ်သားပြည်သူ လူပုဂ္ဂိုလ်တစ်ဦး ချင်းစီအား တမင်တိုက်ရိုက်တိုက်ခိုက်ခြင်း၊ လူသားချင်းစာနာထောက်ထား မှုအကူအညီ ပေးရေး တာဝန် အတွက် ပါဝင်လျက်ရှိသည့်အမှုထမ်းများ၊ တည် ဆောက်တပ်ဆင်ထားမှုများ၊ ပစ္စည်းပစ္စယ များ၊ အဖွဲ့များ သို့မဟုတ် ယာဉ်များသည် အပြည်ပြည် ဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဥပဒေအရ အရပ်သား သို့မဟုတ် အရပ်ဘက်ပစ္စည်းများကဲ့သို့ ကာကွယ်စောင့်ရှောက်ခွင့်ရထားစဉ် ကာလအတွင်း တမင်တိုက်ရိုက် တိုက်ခိုက်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် ဘာသာရေး၊ ပညာရေး၊ အနုပညာ၊ သိပ္ပံပညာ သို့မဟုတ် အလှူဒါနအတွက်ဖြစ်သော အဆောက် အအုံများ၊ သမိုင်းဝင်အထိမ်းအမှတ်များ၊ ဆေးရုံများ၊ ဖျားနာသူများနှင့် ဒဏ်ရာရရှိ ထားသူများကို စုစည်း ထားရှိသည့်နေရာများအား တမင်တိုက်ရိုက်တိုက်ခိုက်ခြင်း၊ အသက်  (၁၅)နှစ်အောက် ကလေးငယ်များကို တိုက်ပွဲများတွင်အသုံးပြုခြင်းတို့သည် စစ်ရာဇဝတ်မှု များပင် ဖြစ်ပါသည်။

လက်နက်ကိုင်သောင်းကျန်းသူများက အထက် ဖော်ပြပါအချက်များတွင် အကျုံးဝင်သည့်လုပ်ရပ် များကို လုပ်ဆောင်နေကြခြင်းသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြခြင်းဖြစ်ပါသည်။ ထိုသို့ စစ်ရာဇဝတ်မှုများ ကို ကျူးလွန်မှုများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ နိုင်ငံတော်၏ အခွန် ဘဏ္ဍာများ ဆုံးရှုံးခြင်း တို့ကိုဖြစ်ပေါ်စေပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက် ဖြစ်စေပါသည်။

အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ၎င်းတို့ ၏ လက်ဝေခံဖြစ်သော PDF အမည်ခံ အကြမ်းဖက် အုပ်စုများသည် လက်နက်ကိုင်ပဋိပက္ခနှင့် အကျုံးမဝင်သည့် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန် နေကြသူ များဖြစ် ပါသည်။ ထို့ကြောင့်ပင်လျှင် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုနှိမ် နင်းရေးစစ်ဆင်မှုများကို ဆောင်ရွက်နေရ ခြင်းဖြစ်ပါသည်။


အကြမ်းဖက်အုပ်စုတစ်ခုခုကို ငွေကြေးထောက်ပံ့မှုသည် အကြမ်းဖက်မှုဖြစ်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေသည် ကုလသမဂ္ဂ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် အညီ ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)ပုဒ်မခွဲငယ်(၁၀)အရ အများပြည်သူ၏လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုး အိမ်စည်းစိမ်ကို ဖြစ်စေ၊ အများပြည်သူသို့မဟုတ် တစ်ဦးတစ်ယောက် အတွက် အရေးကြီးသော အခြေခံအဆောက်အအုံ များကိုဖြစ် စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများ ကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှု များသည် အကြမ်းဖက်မှုပင်ဖြစ်ပါသည်။ ထို့အပြင် အကြမ်းဖက်မှု ကိုကျူးလွန်သော သို့မဟုတ် ကျူးလွန် မည်ဖြစ်သော အကြမ်းဖက်သမားတစ်ဦးဦးကို ဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခုကိုဖြစ်စေ အားပေး ကူညီရာရောက်သော ငွေကြေးထောက်ပံ့မှုသည် လည်း အကြမ်းဖက်မှုဖြစ်ပါသည်။ CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံဖြစ်သော PDF အမည်ခံ အကြမ်းဖက် အုပ်စုများသည် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ စွပ်စွဲချက်အမျိုး မျိုးဖြင့် သတ်ဖြတ်ခြင်း၊ အများပြည်သူအတွင်း ကြောက်ရွံ့ထိတ်လန့်မှုကိုဖြစ်စေသည့် မြို့ရွာများတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ စာသင်ကျောင်းများ အပါအဝင် အများပြည်သူဆိုင် ရာအဆောက် အအုံများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ မီးရထားလမ်း များကို  ဖျက်ဆီးခြင်း၊ လမ်းတံတားများကို မိုင်းထောင် ဖျက်ဆီးခြင်း၊ ဆရာ ဆရာမများကို ခြိမ်းခြောက် ဖမ်းဆီး သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိကြပါသည်။

အဆိုပါအကြမ်းဖက်မှုများကို တိုက်ဖျက်ရေးသည် ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေးတာဝန် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုး တက်ရေး၊ ငြိမ်းချမ်းရေးနှင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်နေသည့် အချိန်တွင် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေကြသည့် လက်နက်ကိုင်သောင်း ကျန်းသူများ၊ အကြမ်းဖက် လုပ်ရပ်များကို ပြောင်ပြောင် တင်းတင်းကျူးလွန် နေကြသည့်အကြမ်းဖက် အုပ်စုများကြောင့် ပြည်သူ များ စိုးရိမ်ကြောင့်ကြရခြင်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးကို အနှောင့်အယှက်ဖြစ်ပေါ်စေခြင်းတို့ကို ဖြစ် ပေါ်စေလျက်ရှိပါသည်။ အဆိုးဆုံးမှာ အကြမ်းဖက် သမားများ၏ အန္တရာယ်ကြောင့် အချို့သောကလေး ငယ်များ ပညာသင်ကြား ခွင့်ဆုံးရှုံးနေရခြင်း ဖြစ်ပါသည်။


အကြမ်းဖက်မှုအန္တရာယ်များကိုစုပေါင်းညီညွတ်မှုစွမ်းအားဖြင့် တားဆီးကာကွယ်

 နိုင်ငံရေးနှင့် လူမျိုးရေးအစွန်းရောက်ပြီး လက်နက်ကိုင်ပဋိပက္ခကို ၎င်းတို့၏ကိုယ်ကျိုးစီးပွား အတွက် အသုံးချလျက်ရှိသည့် လက်နက်ကိုင် သောင်းကျန်းသူများ၏ စစ်ရာဇဝတ်မှုကျူးလွန်မှု များသည် နိုင်ငံတော်အစိုးရက မျှော်မှန်းဆောင်ရွက် လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ခရီးလမ်းအတွက် ခလုတ်တံ သင်းများ ဖြစ်သကဲ့သို့ နိုင်ငံရေးဝါဒ မှိုင်းတိုက်ထားမှုကြောင့် အစွန်းရောက် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့်အကြမ်းဖက် အုပ်စုများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့်အညီ ဆက်လက် ဆောင်ရွက်မည့် ရှေ့ခရီးလမ်းအတွက် ဆူးငြောင့် ခလုတ်များဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လက်နက်ကိုင် သောင်းကျန်းသူများ၏ စစ်ရာဇဝတ်မှုများနှင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှု အန္တရာယ်များကို နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် တပ်မတော်တို့၏ စုပေါင်းညီညွတ်မှုစွမ်းအားဖြင့် တားဆီးကာကွယ် တိုက်ဖျက်သွားရမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပေသည်။ ။  


(ကူးယူဖော်ပြပါသည်။)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)