မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား ဆေးဝါးနှင့်အခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား ဆေးဝါးနှင့်အခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ






MNP ၊   ဇူလိုင် ၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား ဆေးဝါးနှင့်အခြခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


   အခမ်းအနားတွင် မာန်အောင်မြို့နယ်ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးက လမ်းညွှန် အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ မုန်တိုင်းဒဏ်သင့် ပြည်သူများအား ထောက်ပံ့ရာတွင် အဆင့်သုံးမျိုးခွဲခြား သတ်မှတ်ထားပါကြောင်း မာန်အောင်မြို့နယ်သည် ထိခိုက်ပျက်စီးမှု နည်းပါးသဖြင့်သာမန်အဆင့် ထောက်ပံ့ခြင်းဖြစ်ပါကြောင်း၊ထောက်ပံ့ပစ္စည်းများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် မုန်တိုင်းဒဏ်သင့်ပြည်သူများထံ လက်ဝယ်ရောက် ပေးစေလိုကြောင်းပြောကြားသည်။


   ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးက မိုခါမုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့ပေးသည့် ဆေးဝါးများအား မြို့နယ်ဆရာဝန်ကြီးဒေါက်တာစောမင်းထံသို့ပေးအပ်သည်။ယင်းနောက်ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များက အခြေခံစားသောက်ကုန် ပစ္စည်းများကို ရပ်ကွက်/ကျေးရွာ(၃၃)အုပ်စုမှ အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။


      အဆိုပါ အခမ်းအနားသို့ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း၇၀ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။



ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)