ပေါင်းတည်၌ ကောက်စိုက်စက်ဖြင့်စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါင်းတည်၌ ကောက်စိုက်စက်ဖြင့်စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

120


MNP ၊ ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း(ဆွယ်) ကကောက်စိုက်စက်ဖြင့်ရက် ၉၀စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉နာရီက ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန်ကျေးရွာ၊ ကွင်းအမှတ်(၁၀၉၃ )၊ တောင်သူဦးစိန်ထွန်း၏ ၃ဧက စပါးစိုက်ပျိုးခင်းတွင် ကျင်းပပြုလုပ်သည်။


သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုး​​မြင့်လှိုင်နှင့်အဖွဲ့ဝင်(၂ )ဦးအေးကျော်၊ စက်မှုလယ်ယာ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်တို့နှင့်အတူ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များဖြစ်ကြသော မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူးဦးရဲဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးအောင်မျိုးမင်း၊ မျိုးသန့်ခြံဌာနခွဲတာဝန်ခံ ဒေါ်ဌေးတင်၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူးဒေါက်တာ သင်းသင်းခိုင်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုလေ့လာကြသည်။


 

သရုပ်ပြပွဲ၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းက တက်ရောက်လာကြသော တောင်သူများအား ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနည်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြပြီး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးနေမှုကို လက်တွေ့ စိုက်ပျိုးပြသပေးခဲ့ရာ တောင်သူများကစိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


သူရကြီး 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages