MNP ၊ ဇူလိုင် ၈
မွန်ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ် များတွင် မြို့တွင်း၊ မြို့ပြင် ပတ်ဝန်းကျင်များသန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့ တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊သီရိမြိုင်ရပ်ကွက်၊ အမှတ်(၁၁)အခြေခံပညာအထက်တန်း ကျောင်း၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုးဗိုလ်မှူးချုပ်စိုးမင်း၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပရဟိတအဖွဲ့အစည်းများ စုစုပေါင်း အင်အား ၂၉၀ ဦးဖြင့်အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းများကိုစုပေါင်းဆောင်ရွက်ကြပါသည်။
အလားတူ ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားမှုဖြင့် စနေနေ့တိုင်းပြည်နယ်တွင်းရှိ မြို့နယ်များတွင်လည်း သန့်ရှင်းသာယာလှပစေရေး၊ ကျန်းမာရေး အထောက်အကူ ဖြစ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment