ရမ်းဗြဲမြို့၌ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းဆောင်ရွက်






MNP ၊   ဇူလိုင် ၁

ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင် ၊ ရမ်းဗြဲမြို့၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးကို  အပတ်စဥ် စနေနေ့တိုင်း လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် (၇)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက် ရှိအခြေခံပညာမူလတန်း သပြုချိုင် ကျောင်းဝန်းကျင်၌ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့  တပ်မတော်မှ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များက  ကျောင်းခြံဝင်းများအတွင်းရှိ မြက်နှင့်ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်း များစုပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်များအား မြို့နယ်စည်ပင်ဝန်ထမ်းများမှ အမှိုက်သိမ်းကားများဖြင့် လိုက်လံသိမ်းဆည်းခြင်း၊သတ်မှတ်နေရာ၌စွန့်ပစ်ခြင်းများဆောင်    ရွက်ခဲ့​ကြောင်း သိရှိရသည်။ 


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များက လာရောက်စစ်ဆေးကာ  လိုအပ်သည်များကို  ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 


အောင်တင်ကြည်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)