ရွှေတောင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ






MNP ၊ ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စားသုံးသူ​ရေးရာဦးစီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာန နှင့် တိုင်းရင်း​​ဆေးကုဌာနတို့ပူးပေါင်း၍ အမက (မီးလောင်) နှင့် အမက (ကြို့ကုန်း )ကေျာင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးကြည်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ 

ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား အာဇာနည် နေ့ ဖြစ်ပေါ်လာပုံ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနှင့်ကလေးအလုပ် သမားပပျောက်ရေးအသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။


 ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးက စားသုံးသူများ၏ အခွင့်အ‌ေရးများ၊ စားသုံးသူနှင့်ပတ်သက်သောကုန်ညွှန်းအမှတ်အသား ( ၈)ချက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက "အားကစားက ပေးစွမ်းနိုင်တဲ့ အကျိုး‌‌‌ေကျးဇူးများ " ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးကျောင်းသား၊ကျောင်းသူလေးများကိုကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန ၊လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာ‌ေအာင် က တုပ်ကွေးရောဂါ နှင့် အရိုးကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောခဲ့ကြပြီး ဒု-ဦးစီးမှူး ဒေါ်‌ေနွးဒါလီနိုင်က "ဒို့ပတ်ဝန်း ကျင် ချစ်ခင်ကြပါစို့ " ခေါင်းစဉ်ဖြင့် ပုံပြင်များပြောကြားခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာအုပ်စာစောင်များဖတ်‌ေစခြင်း၊ကျောင်းသား၊ကျောင်းသူလေးများကိုလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ကလေးအလုပ်သမားပ ပေျာက်ရေးအသိပညာပေးနံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး မြိုနယ်တိုင်းရင်းဆေးကုဌာနမှ ကျောင်းသား ၊ကျောင်းသူလေးများကို နွယ်ချိုကဲအစာကြေဆေးများဝေမျှပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)