မာန်အောင်မြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မာန်အောင်မြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးဆောင်ရွက်

49

50

51

52


MNP ၊ ဇူလိုင် ၁၁

   ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့က ယနေ့နံနက်၈နာရီခွဲတွင် မျှော်တော်ဦးကျေးရွာအုပ်စု၊မျှော်တော်ဦးကျေးရွာ တောင်သူ ဦးငရေချို၏ ဆင်းသွယ်လတ်စပါးမျိုးစေ့ထုတ် စိုက်ခင်း စိုက်ပျိုးနေမှုအား သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ကြသည်။


   ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊သက်ဆိုင်ရာဌာနဆိုင်ရာများ၊စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက မျှော်တော်ဦးကျေးရွာအုပ်စု၊မျှော်တော်ဦးကျေးရွာ ဦးပိုင်အမှတ်၁၄/၁ ၊ကွင်းအမှတ်၈၄၆/ခ၊တောင်သူ ဦးငရေချို၏ လယ်မြေ ၂ဧက တွင်ဆင်းသွယ်လတ်စပါး  မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။


   မာန်အောင်မြို့နယ်၌  မီးလောင်ထောင့်ကျေးရွာ အုပ်စုတွင် မိုးစပါး မျိုးစေ့ထုတ် စိုက်ဧက၂၅ဧက၊ခအုန်းမော်ကျေးရွာအုပ်စုတွင် ၁၅ဧက၊မျှော်တော်ဦးကျေးရွာ အုပ်စုတွင်၂၀ ဧက၊တောထူ ကျေးရွာအုပ်စုတွင် ၄၀ဧက၊ စုစုပေါင်း မိုးစပါး မျိုးစေ့ထုတ် စိုက်ဧက ၁၀၀ဧက ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးထွန်းစောထံမှသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages