မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာ ထုတ်ကုန်များကို ရုရှားနိုင်ငံသို့ တင်ပို့ရောင်းချရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာ ထုတ်ကုန်များကို ရုရှားနိုင်ငံသို့ တင်ပို့ရောင်းချရေး ဆွေးနွေး



MNP ၊ ဇူလိုင် ၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Solonetsky Vitaly ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် ငွေပေးချေမှုစနစ် လွယ်ကူချောမွေ့စေရေး၊ သတင်းအချက်အလက်နှင့် နည်းပညာနယ် ပယ်တွင် ပုဂ္ဂလိကကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးလုပ်ငန်းများ အချင်းချင်းတွေ့ဆုံဆွေးနွေးမှု (Business Matching) များဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည့် မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာ ထုတ်ကုန်များကို ရုရှားနိုင်ငံသို့ တင်ပို့ရောင်းချရေးနှင့် ဈေးကွက်ရရှိရေး မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရုရှားစီးပွားရေး လုပ်ငန်းရှင်များ ထံသို့ သိရှိပြန့်နှံ့စေရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အဆင့်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)