ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် ၊ မိုးစပါးဆင်းသွယ်လတ် စပါးပျိုးထောင်ထားရှိမှု နှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် ၊ မိုးစပါးဆင်းသွယ်လတ် စပါးပျိုးထောင်ထားရှိမှု နှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုအားပေး






MNP ၊ ဇူလိုင် ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး နှင့်အတူ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်သော ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တက်ရောက် ပြီး မိုးစပါးဆင်းသွယ်လတ် စပါးပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံ ကြည့် ရှု ခဲ့သည်။


ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်သော ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ပြန်လည် ထူ ထောင်ရေး အတွက် ရောက်‌ရှိနေ သော ဗိုလ်မှူးချုပ် တင်‌ဆွေက အမှာစကားပြောကြားပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မုန်တိုင်း ဒဏ်ကြောင့်ပျက်စီးသွားသည့် ကျေးရွာများတွင် ကျွဲ ၊ နွားများသေဆုံးမှုများကြောင့် စက်မှုလယ်ယာ ဦးစီးဌာနပိုင် ထွန်စက် များဖြင့် တောင်သူများ၏ လယ်ယာမြေများအား မျိုးစပါးများ အချိန်မှီစိုက်ပျိုးနိုင်ရန်အတွက် ထွန်ယက်ပေးနေ မှုများ နှင့် ကျေးရွာများအလိုက် ထွန်ယက်ပြီးစီးမှု အခြေအနေများ ၊ မိုးစပါးများ ပျိုးထောင်ထားရှိမှု နှင့် စိုက်ပျိုးပြီးစီး မှု အခြေအနေများအား အသေးစိတ်ရှင်းလင်း တင်ပြခဲ့ကြပြီး လိုအပ်သည် များအား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် ပြန်လည်ထူထောင် ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး တာဝန်ရှိသူများသည်  ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု ၊ ကွင်းအမှတ် (၉၆/ဃ) ကညင်ချောင်းကွင်းရှိတောင်သူ ၂၂ ဦး၏ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး ဆင်းသွယ်လတ် စိုက်ဧက ၂၅ ဧက တွင် စပါးများ ပျိုး ထောင်ထားရှိမှု နှင့် မြေပြုပြင် ထွန်ယက်နေမှု အခြေအနေများ အား သွားရောက်ကြည့်ရှုအားပေးပြီး စိုက်ပျိုး ရေးဦးစီး ဌာနမှ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြကာ  တောင် သူများ အနေဖြင့် စိုက်ပျိုးသည့် မိုးစပါးများ အောင် မြင်ဖြစ်ထွန်းပြီး အထွက်တိုးအောင်ဆောင်ရွက်ကြစေရန် လိုကြောင်း လမ်းညွှန် မှာ ကြားခဲ့ ကြောင်းသိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)