မြို့သစ်မြို့ ငရုတ်သီးစိမ်းစျေးကွက် ပြန်လည်ကျဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့ ငရုတ်သီးစိမ်းစျေးကွက် ပြန်လည်ကျဆင်း



MNP ၊ ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ငရုတ်စိုက်ပျိုးခြင်းကို မြေအောက်ရေဖြင့် တူးဖော်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုရက်ပိုင်း ငရုတ်သီးစိမ်းစျေးများ ပြန်လည်ကျဆင်းလျက်ရှိကြောင်း ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။


မြို့သစ်မြို့မှ ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်သီးတစ်ပိဿာကို (၂၀၀၀)ကျပ်စျေးအထိ ရောင်းရတယ်၊ ကနဦးပေါ်တုန်းက (၁၀၀၀)/(၁၅၀၀)ကျပ်ရှိတယ်၊ ယခုစျေး(၂၀၀၀)စျေးအတိုင်းဘဲ သွားမယ်ဆိုရင် မိသားစုအတွက် အတော်အသင့်လောက်တော့ အဆင်ပြေပါတယ်၊ ပြီးခဲ့တဲ့ရက်ကဆို (၁၀၀၀၀)စျေးအထိ ရောင်းရသေးတယ်၊ စျေးပြန်ကျသွားတာဟု ၄င်းကပြောသည်။


ငရုတ်စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ကုန်ကျစရိတ် သက်သာပြီး အပင်ပြုစုမှုကောင်းမွန်လျှင် အထွက်နှုန်းကောင်းကာ အသီးလှသဖြင့် စားသုံးသူများ ကြိုက်နှစ်သက်ကာ ပုံမှန်ဝယ်ယူစားသုံကြကြောင်း ငရုတ်စိုက်တောင်သူထံက သိရသည်။


သန်းဝင်းထွန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)