MNP ၊ ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုအရည် အသွေးများတိုးတက်လာစေရန် ရည်ရွယ်၍ ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု" အလှပြင်သင်တန်း ဒုတိယအကြိမ်ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "အလှပြင်သင်တန်း" ဖွင့်လှစ်ရခြင်းမှာ ပြည်သူများအလုပ်အကိုင်ရရှိရေး၊ အမျိုးသမီးများရဲ့ဘဝ အသက်မွေးဝမ်းကျောင်းမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို လူမှုဝန်ထမ်းဌာနအနေဖြင့် အမျိုးသမီးများဒေသတွင်းအလုပ်အကိုင်များရရှိရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားစေရန်၊ အိမ်တွင်းမှုကျောင်းဖွံ့ဖြိုးတိုးတက်ပြီး အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး၊ မိမိကိုယ်တိုင်ရပ်တည်နေထိုင်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး၊ PTTEP International Limited(YangonBranch) မှ Mr.Arraya Chamitim ကအလှပြင်သင်တန်းဖွင့်လှစ်နိုင်ရေး ထောက်ပံ့လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဖျာပုံမြို့နယ်အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမူက အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရန် အလှပြင်သင်တန်း၊ စက်ချုပ်သင်တန်း၊ ပန်းအလှပြင်သင်တန်း၊ မုန့်လုပ်နည်းသင်တန်းများ အခမဲ့သင်ကြားပို့ချပေးလျက်ရှိပြီး၊ ဒုတိယအကြိမ်အဖြစ် အလှပြင်သင်တန်းကို သင်တန်းသူ(၁၀)ဦးဖြင့် တစ်လတိတိ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ အလှပြင်သင်တန်းကိုတစ်နှစ်လျှင် (၅)ကြိမ်အခမဲ့သင်တန်းဆရာမ (၃)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
အောင်ဝင်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment