မင်းဘူး(စကု)မြို့နယ်၌ မိုးနေကြာနှင့် ဝါသီးနှံ မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်မည့် ဒေသခံ တောင်သူများအတွက် သီးနှံမျိုးစေ့များ အခမဲ့ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ မိုးနေကြာနှင့် ဝါသီးနှံ မျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်မည့် ဒေသခံ တောင်သူများအတွက် သီးနှံမျိုးစေ့များ အခမဲ့ ထောက်ပံ့




MNP ၊ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း မိုးနေကြာနှင့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ မျိုးကောင်းမျိုးသန့်များကို တောင်သူအချင်းချင်း မျိုးသန့်ပွားသုံးစွဲနိုင်ရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးတို့အတွက် နေကြာနှင့် ဝါသီးနှံ မျိုးစေ့ထုတ် စိုက်ခင်းဆောင်ရွက်မည့် ဒေသခံတောင်သူများအား သီးနှံမျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးခြင်းကို ဇူလိုင် ၂၂ ရက်၊ နံနက် ၁၀ နာရီအချိန်က ကန်ရေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ထောက်ပံ့ရာတွင် မင်းဘူးခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကန်ရေကျေးရွာမှ မျိုးစေ့ထုတ်စိုက်ခင်းများဆောင်ရွက်မည့် နေကြာသီးနှံစိုက် တောင်သူ (၃၁)ဦး၏ စိုက်ဧက ၁၁၈ ဧကအတွက် ရေဆင်းစပ်မျိုးနေကြာ (၆၅)ထုပ်နှင့် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ (၅၃)ထုပ်၊ ဝါသီးနှံစိုက်တောင်သူ (၆)ဦး၏ စိုက်ဧက (၆၆)ဧကအတွက် ရွှေတောင်-၁၀ ဝါမျိုးသန့် (၁၉၈)ပိဿာကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ မျိုးစေ့ထုတ် စိုက်ခင်းဆောင်ရွက်မည့် ဒေသခံတောင်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး အစီအစဉ်ဖြင့် ကူညီပံ့ပိုးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ယခုလို အခမဲ့ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း သိရသည်။


ထို့အပြင် ဒေသတွင်း နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး မျိုးသန့်ပွားအစီအစဉ်ဖြင့် နေကြာအထွက်ကောင်းမျိုး ရေးဆင်း-၁ စပ်မျိုုးနေကြာ မျိုးသန့်ထုတ်လုပ်ရေး စိုက်ခင်းအတွက် (၁၅)ဧက၊ တောင်သူအချင်းချင်း မျိုးသန့်ပွားအစီအစဉ်ဖြင့် ဆင်းရွှေကြာ-၂ နေကြာ မျိုးစေ့ထုတ်စိုက်ခင်း (၂၃၀)ဧက၊ ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးရေးအစီအစဉ်ဖြင့် ငွေချည်-၁၁ ဝါမျိုးသန့်စိုက်ခင်း ဧက (၅၀၀)နှင့် ရွှေတောင်-၁၀ မျိုးသန့် (၂၂၉၁)ဧကစာအတွက် မျိုးသန့် မျိုးစေ့များကို တောင်သူများ လက်ဝယ်အရောက် အခမဲ့ ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးချိန်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးတို့အတွက် သီးနှံစိုက်တောင်သူများနှင့်အတူ ပူးပေါင်းပြီး သွင်းအားစုနှင့် စိုက်ပျိုးနည်းပညာများကို စိုက်ပျိုးရေးကွင်းဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။


မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးနေကြာသီးနှံကို (၆၅၇၆) ဧကနှင့် ဝါသီးနှံကို (၁၀၁၄၈)ဧကအထိ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ မိုးနေကြာသီးနှံကို (၇၉၈)ဧကနှင့် ဝါသီးနှံကို ဧက(၆၀)ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မောင်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)