ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ဘူးသီးတောင်မြို့နယ်အတွင်း မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ဘူးသီးတောင်မြို့နယ်အတွင်း မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး





MNP ၊ ဇူလိုင် ၂၆      

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် (၈) နာရီအချိန်က မီးရထားဆိပ်ရပ်ကွက်ရှိ ပန်ဇင်းချောင်း ကမ်းဘေး၊ စည်ပင်သာယာပိုင်မြေနေရာရှိ အများပြည်သူအနားယူ အပန်း ဖြေနိုင်ရန်အတွက် မြို့ပန်းခြံပြုလုပ်မည့် မြေနေရာအား တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ၊ မြို့သစ်ရပ်ကွက်နှင့် မီးရထားဆိပ် ရပ်ကွက်တို့မှ ပြည်သူများပူးပေါင်းပြီး အမှိုက်များရှင်းလင်းခြင်း၊ မြက်/ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အများပြည်သူ အနားယူ အပန်းဖြေနိုင်မည့် မြို့ပန်းခြံတစ်ခုဆောက်လုပ်နိုင်ရေးတို့နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မြို့ပန်းခြံတည်ဆောက်မည့် နေရာအနီးရှိ လျှပ်စစ်မီးသွယ်တန်းထားရှိသော ဓါတ်ကြိုးများတွင် သစ်ပင်/သစ်ကိုင်းများ ကျရောက်နေခြင်းအား လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် တပ်မတော်သားများ၊ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ စုပေါင်းရှင်းလင်း ဖယ်ရှားနေသည်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ မီးရထားဆိပ်ရပ်ကွက်ရှိ နာရီစင်အနီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများ စုပေါင်းပြီး အမှိုက်များရှင်းလင်းခြင်း၊ မြတ်/ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းနေသည်ကို ကြည့်ရှုအားပေးပြီး နာရီစင်ကြီး ယိုယွင်းပျက်စီးနေမှုအား ပြန်လည်မွမ်းမံ တည်ဆောက်နိုင်ရန်အတွက် ကြည့်ရှုစစ်ဆေးဆောင်ရွက်ပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။


ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ အမှတ်(၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်ကြားရှိ ရေမြောင်းအား ရေစီး/ရေလာကောင်းမွန်ရေး၊ အမှိုက်သရိတ်များ ကင်းရှင်းရေးအတွက် ရပ်ကွက်နေပြည်သူများမှ စုပေါင်းရေမြောင်း တူးဖော်ခြင်း၊ အမှိုက်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည်ကို သွားရောက်ကြည့်ရှု အားပေးပြီး ရပ်ကွက်အတွင်းနေထိုင်သော ပြည်သူလူထုနှင့် ဈေးရောင်းချသူများအား တွေ့ဆုံကာ အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ ပိတ်ဆို့နေသောရေမြောင်း များအား မိမိနေအိမ်အလိုက် ရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ညနေပိုင်းတွင် အမှတ် (၅) ရပ်ကွက်ရှိ သာသနာ့အလင်းရောင် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဝါရိန္ဒအား ဖူးမျှော်ကာ မြို့ပေါ်ကျောင်း (၂၈) ကျောင်းရှိ ဝါဆိုသံဃာတော်များအား ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများပူးပေါင်းပြီး စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရန်အတွက် လျှောက်ထားကာ ဩဝါဒခံယူ၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)