MNP ၊ ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြည်သူများ အသားများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သန့်ရှင်းလက်ဆတ်သော ဝက်သားများကို ပြင်ပပေါက်စျေးထက် သက်သာ သောနှုန်းထားဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၇) နာရီက မြို့နယ် မီးသတ်ဦးစီးဌာန ရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချပေးခြင်းကို မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက ပြည်သူများအား ဝက်သား အချိန် (၂၀)ပိဿာအား ပြင်ပပေါက်စျေးထက်သက်သာသောနှုန်းဖြစ်သည့် တစ်ပိသာ လျှင် (၁၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြည်သူများ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥများကို ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းများဖြင့် အပတ်စဥ် ရောင်းချပေးလျှက်ရှိပြီး အခြေခံစား သောက်ကုန်များ စျေးနှုန်းတည်ငြိမ်စွာ ရောင်းချပေးနိုင်ရေး သက်ဆိုင်ရာအဖွဲ့များဖြင့် စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment