ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့်တာဝန်ရှိသူများ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့်တာဝန်ရှိသူများ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး






MNP ၊ ဇူလိုင် ၂၂

     ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကြီးကြပ်သူ  တပ်မတော်အရာရှိဗိုလ်မှူးချုပ် ဇော်မင်းအေးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်(၇)နာရီအချိန်က မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဥ် စနေနေ့တိုင်း လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျှက်ရှိရာ အမှတ်(၆)ရပ်ကွက်ရှိ၊ မြို့တည်ဆုတောင်းပြည့် တန့်ရှင်ပင် စေတီတော် သာယာလှပရေးအတွက် တပ်မတော်မှ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့သည်။


  ထိုသို့ စုပေါင်းသန့် ရှင်းရေးများဆောင်ရွက်ရာသို့  ဌာနဆိုင်ရာဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့တည်ဆုတောင်းပြည့် တန့်ရှင်ပင် စေတီတော် ပတ်ဝန်းကျင်ရှိ  သစ်ကိုင်းသစ်ရွက်များ အမှိုက်များ ချုံနွယ်များ မြက်များကို ခုတ်ထွင်ရှင်းလင်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းကားဖြင့် အမှိုက်များကိုစနစ်တကျ စွန့်ပစ်ခြင်းများဆောင်ရွက်ခဲ့ကြသည်။


     အဆိုပါ ဆောင်ရွက်ရာသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကြီးကြပ်သူ တပ်မတော်အရာရှိဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)