ကျိုက်ထိုမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်"အမွေခံသူတစ်ယောက်အမွေပေးသူတစ်ရာ"စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်"အမွေခံသူတစ်ယောက်အမွေပေးသူတစ်ရာ"စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်





MNP ၊ ဇူလိုင် ၂၁

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်စာပေချစ်သူများအသင်း(Book Club)တို့ ပူးပေါင်း၍မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်"အမွေခံသူတစ်ယောက်အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုဇူလိုင်(၂၁)ရက်နေ့လယ်(၁)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာစာပေချစ်သူများအသင်းအဖွဲ့ဝင်ဦးလှထွန်းမှ အမှာစကားပြောကြားပြီးမြို့နယ်ဦးစီးအရာရှိဒေါ်သန်းသန်းမော်ကစာဖတ်ဝိုင်းပြုလုပ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် စာပေချစ်သူများအသင်းအဖွဲ့ဝင်ဦးတင်ထွေးကအဆိုပါစာအုပ်မှ လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများနှင့်ပညာတတ်ဖို့စာဖတ်ရမည် ခေါင်းစဉ်များကိုလည်းကောင်း၊အဖွဲ့ဝင်ဒေါ်တင်ထားအေးမှ ဂုဏ်ယူစရာကြိုးစားစရာ နှင့် ဖတ်စာကဗျာကြည်နူးစရာ ခေါင်းစဉ်များကိုလည်းကောင်း၊အဖွဲ့ဝင် ဒေါ်စန်းစန်းမွန်မှ သူငယ်တန်းဖတ်စာထဲကပျော်စရာကဗျာလေးများနှင့်မြန်မာစာကပုံဖော်ပြသောသဘာဝ ဝန်းကျင် အလှကွက်များခေါင်းစဉ်တို့ ကို ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြ သော ကျောင်းသားကျောင်းသူများက သိလိုသည်များကို‌ပြန်လည်မေးမြန်းခဲ့ကြသည်။


အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲများကိုဆောင်ရွက်ခြင်းဖြင့် ကျောင်းသားကျောင်းသူလူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊စာဖတ်ခြင်းဖြင့်အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်၊အစုအဖွဲ့အတွင်းပါဝင်ဆွေးနွေးတတ်သည့်အလေ့အကျင့်များရရှိစေရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)