မအီမြို့ပေါ်ရပ်ကွက်များသို့ ညောင်ခြေထောက်ဆည်မှ သောက်သုံးရေ စတင်ပေးဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ပေါ်ရပ်ကွက်များသို့ ညောင်ခြေထောက်ဆည်မှ သောက်သုံးရေ စတင်ပေးဝေ






MNP ၊   ဇူလိုင် ၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေလျက်ရှိသည့် ညောင်ခြေထောက်ဆည်မှာ နွေပိုင်းကာလက ဆည်အတွင်းရေလျော့နည်းခဲ့ကြောင့် ရေပေးဝေရေးလုပ်ငန်းများကို ရပ်နားခဲ့သော်လည်း ယခုအချိန်တွင် မိုးရွာသွန်းမှုများကြောင့် ဆည်ရေရရှိလာပြီဖြစ်၍ ယနေ့ ဇူလိုင် (၁)ရက်နေ့မှစတင်၍ မအီမြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေ စတင်ပေးဝေခဲ့ကြောင်း သိရသည်။


အဆိုပါ ညောင်ခြေထောက်၏ ယခုလက်ရှိ ဆည်အတွင်းရေသိုလှောင်နိုင်မှုမှာ ဂါလံ ၁၈ သန်းခန့်သာရှိကြောင်း၊ မြို့ပေါ် ရေသုံးစွဲမှု လူဦးရေအရဆိုလျှင် လုံလောက်မှု မရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် နွေရာသီကာလအတွင်း ရေကိုလုံလောက်စွာ ရရှိသုံးစွဲနိုင်ရေးအတွက် ယခုကာလမှ စ၍ ချွေတာသုံးစွဲရန် လိုအပ်ကြောင်း၊ ရေအလေအလွင့် မဖြစ်စေဖို့ကိုလည်း ဂရုပြု ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ မိမိတို့ ပတ်ဝန်းကျင်ရှိ ရေပိုက်များ ထိခိုက်ပျက်စီးမှု၊ အဆင်မပြေမှုများရှိပါက 09 421710722/ 09 674305252/ 09 268062880  စသည့် ဖုန်းနံပါတ်များသို့ အကြောင်းကြားဆောင်ရွက်နိုင်ပါကြောင်းတို့ကို မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်က ပြောကြားသည်။


ဖော်ပြပါ မအီမြို့၏ အနောက်တောင်ဘက်ရှိ ညောင်ခြေထောက်ဆည်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တောင်ကျချောင်းရေကို တစ်ဖက်ပိတ်ဆည်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရေပေးဝေရေးလုပ်ငန်းများကို ဆည်တည်ဆောက်ပြီးချိန်မှစ၍ မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)