MNP ၊ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်ကွင်းဆင်းဟောပြောပွဲ လှုပ်ရှားဆောင်ရွက်မှုကို ယမန်နေ့နံနက် ၁၀ နာရီက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် မွန်းလွဲ ၂ နာရီက ဝမ်မတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်လှုပ်ရှားမှု အကြိုဟောပြောပွဲဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီး ၉ ဦးတို့၏ အထ္ထုပ္ပတ္တိအကျဥ်းတို့ကို ဆွေးနွေပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ခြင်း အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် စာဖတ်ဝိုင်းများဆောင်ရွက်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှား ကျန်းမာသွက်လက် ဉာဏ်ရည်ထက်ပြီး ပျော်ရွှင်မှုရရှိစေရေးအတွက် ဂိမ်းကစားနည်းများဖြင့် ဆော့ကစားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲသို့ ဟောင်ကန်အုပ်စု၊ ဝမ်ယန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူအင်အား(၅၆)ဦးနှင့် ဟောင်းကန်အုပ်စု၊ ဝမ်မတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ အင်အား(၅၄)ဦး စုစုပေါင်းအင်အား (၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်နောင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment