ကျိန္တလီမြို့တွင်မွေးကင်းစကလေးမှ အသက်(၂)နှစ်အောက်ကလေးနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့တွင်မွေးကင်းစကလေးမှ အသက်(၂)နှစ်အောက်ကလေးနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ




MNP ၊   ဇူလိုင် ၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ကျိန္တလီမြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကိုဇူလိုင်လ ၂ ရက်နေ့ နံနက် (၉)နာရီ မှစ၍ ပြည်သူ့ဆေးရုံတွင်စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျိန္တလီမြို့ပေါ်ရှိ ရပ်ကွက်(၃)ရပ်ကွက်မှမွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများဖြစ်သော ဆုံစို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက် အမြှေးရောင်(၅)မျိုးစပ်ကာကွယ်ဆေး၊ဘီစီဂျီ၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောမဖြစ်စေရန်(Rota) ကာကွယ်ဆေး ရည်ကိုပါတိုက်ကျွေးကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအားမေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ကျန်းမာရေး ဝန်ကြီးဌာန၏ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွန်ချက်နှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)