ရုရှားပညာရှင်(၃)ဦး သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာ ဥစားမွေးမြူရေးကြက်ခြံသို့ ကြည့်ရှုလေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားပညာရှင်(၃)ဦး သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာ ဥစားမွေးမြူရေးကြက်ခြံသို့ ကြည့်ရှုလေ့လာ



MNP ၊ ဇူလိုင် ၂၆      

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ရှရှားနိုင်ငံ Roscongress Foundatino “Fund RC- Investment တို့ ပူးပေါင်းပြီး သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး ရုရှားပညာရှင်(၃)ဦးသည် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလှိုင်(၂၅)ရက် နေ့လယ်(၁၂)နာရီက ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာ မန္တလေးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ ပိုင်ဆိုင်သည့် ဥစားကြက်မွေးမြူရေးခြံသို့ ကြည်ရှုလေ့လာခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်စော၊ ကျောက်ဆည်ခရိုင် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးငွေဒိုး၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦစီးမှူးဦးဝင်းမြင့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ကျော်မင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများကကြိုဆိုခဲ့ပြီး ရုရှားပညာရှင်များ သိရှိလိုသည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မန္တလေးမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီရုံးချုပ်မှ မန်နေဂျာဒေါ်ဟေမာန်က ဥစားကြက်မွေးမြူရေးခြံ၏ မြေပိုင်ဆိုင်မှုများနှင့် မြေအကျယ်အဝန်းများ၊ ဥစားကြက်များမွေးမြူးထားသည့် အလုံပိတ် အလိုအလျောက်အအေးပေးစနစ်များနှင့် လျှပ်စီးမီးသုံးစွဲမှုအခြေအနေများ၊ ကြက်စာစက်ရုံနှင့် ကုန်ကြမ်းသိုလှောင်ရုံ ဆောက်လုပ်ထားရှိပြီး ကြက်စာထုတ်လုပ်မှုများ၊ ကြက်ခြံမှထွက်ရှိလာသော ကြက်ချေးများအား သန့်စင်မှုနှင့် ပြန်လည်အသုံးပြုပုံများ အကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါက်တာသိန်းမင်းက ကျောက်ဆည်ခရိုင် အတွင်းရှိ တိရိစ္ဆာန်မွေးမြူရေးခြံများအကြောင်းနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးချစ်ဆွေဦးက ခရိုင်အတွင်းစိုက်ပျိုးထားရှိသော သီးနှံအမျိုးအစားများနှင့် စိုက်ဧကများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် ကြက်ချေးမှ သဘာဝမြေဩဇာထုတ်လုပ်ရန်အတွက် လာရောက်လေ့လာသည့်  ရုရှားပညာရှင်များသည် မန္တလေးမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီမှမွေးမြူထားသည့် ဥစားကြက်အကောင်ရေ(၂)သောင်း၊ ကြက်မွေးမြူရေးရုံ (၂)ရုံနှင့် ဥစားကြက်အကောင်ရေ (၃)သောင်းဆန့် ကြက်မွေးမြူရေးရုံ(၁)ရုံ၊ စုစုပေါင်းကြက်မွေးမြူရေးရုံ(၃)ရုံမှ ထွက်ရှိလာသော ကြက်ချေးထွက်ရှိသန့်စင်မှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပြီး ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကျေးရွာရှိ ရွှေကောင်းကင်ကြက်ခြံသို့ လေ့လာရန် ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)