ဝိုင်းမော်မြို့နယ်၌ (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝိုင်းမော်မြို့နယ်၌ (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ


MNP ၊   ဇူလိုင် ၃

၂၀၂၃ခုနှစ် ဇူလိုင် ၁ ရက်‌နေ့တွင် ကျရောက်သည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝိုင်းမော်မြို့နယ် သမဝါယမဦးစီးဌာနမှ မီးဖိုချောင်သုံး အခြေခံစားကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချခြင်းကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်သမဝါယမဦးစီးဌာနမှူးရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။


အခြေခံစား‌သောက်ကုန်များ ဖွင့်လှစ်ရောင်းချခြင်းအခမ်းအနားကို ဝိုင်း‌မော်မြို့နယ် သမဝါယမဦးစီးဌာန၊ (ဦးစီးအရာရှိ) ဦးမိုးကျော်သူနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံမိဘပြည်သူများက တက်ရောက်ပြီး တက်ရောက်လာသူများအား မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်များအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ဈေးနှုန်းချိုသာစွာဖြင့် ခင်းကျင်းရောင်းချပေးခဲ့ ကြသည်။


(၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဖိုချောင်သုံး အခြေခံစား‌သောက်ကုန်များ ခင်းကျင်းရောင်းချရာတွင် ဒေသထွက် မွေးမြူရေး ကြက်ဥ၊ ပဲဆီသန့်၊ ဆန် စသည့် ကုန်ခြောက်များနှင့် ဒေသထွက်သီးနှံများအား ခင်းကျင်းရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများက ဝယ်ယူအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


ဖြူစင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)