ရုရှားကို နျူကလီးယားပညာတော်သင် ၁၀၀ စေလွှတ်ရန် စီစဉ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားကို နျူကလီးယားပညာတော်သင် ၁၀၀ စေလွှတ်ရန် စီစဉ်


MNP ၊ ဇူလိုင် ၂

မြန်မာနိုင်ငံတွင် ပြည်သူထုအတွက် လိုအပ်ချက်ဖြစ်နေသော လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက် နျူးကလီးယားစွမ်းအင်ကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနှင့် ချိတ်ဆက်၍ ကောင်းမွန်စွာ အသုံးချနိုင်ရေး စီစဉ်နေသည့် တချိန်တည်းတွင် နျူးကလီးယားပညာတော်သင် ၁၀၀ ရုရှားကို စေလွှတ်ရန် စီစဉ်လျှက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထို့အတူ နည်းပညာတက္ကသိုလ်များတွင် နျူကလီးယားအင်ဂျင်နီယာဘာသာရပ်ကို  ပထမနှစ်ကနေ စတင်ဖွင့် လှစ်နိုင်ဖို့ လုပ်ဆောင်လျက်ရှိကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက  ပြောကြားထားသည်။

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က “တက္ကသိုလ်ဝင်ခွင့်ထဲမှာ ကြေညာပေးမယ်။ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်၊  မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ် အဲဒီလို ကြေညာတဲ့အထဲမှာ နျူကလီးယားနည်းပညာ၊ နျူကလီးယားအင်ဂျင်နီယာ နည်းပညာဘာသာရပ် အဲဒီလိုမျိုးထည့်ပြီးတော့ ကြေညာပေး သွားမှာပေါ့။ ပထမနှစ်ကနေ စပြီးလုပ်ပေး သွားမယ်” ဟု ပြောကြားခဲ့သည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM တို့ ပူးပေါင်း၍ သိပ္ပံပွဲတော်၂၀၂၃ ကို ကျင်းပခဲ့ပြီးဖြစ်သည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)