Pages

Pages

ကျိုက်ထိုမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း ဖွင့်လှစ်






MNP ၊   ဇူလိုင် ၃

   မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း (၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်(၃)ရက်  နံနက်(၉)နာရီ၌ ကျိုက်ထို မြို့နယ်မီးသတ်ဦးစီးဌာန တွင် ကျင်းပပြုလုပ်ခဲ့သည်။


       ရှေးဦးစွာ ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမျိုးမင်းစိုးနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်ဇော်တို့က စေတနာ၊ဝါသနာစိတ်နဲ့ တက်ရောက်သင်ကြားသည့် သင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းကိုတိတိကျကျလိုက်နာကြစေရန်သင်တန်းကိုအချိန်ပြည့်ဝစွာတက်ရောက်ကြရန်၊သင်ကြားပြသသည့်ဘာသာရပ်များကိုအလေးထားသင်ယူကြစေရန် ဆွေးနွေးမှာကြားခဲ့သည်။


        ထို့နောက် ကျိုက်ထိုမြို့နယ် ဒုမီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးမှ သင်တန်းဖွင့်လှစ်သည့်ရည်ရွယ်ချက်နှင့်သင်တန်းအစီအမံများကို ပြောကြားပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးက သင်တန်း သားများအား တူညီ ဝတ်စုံများကိုထောက်ပံ့ ပေးအပ်ခဲ့သည်။


        အဆိုပါသင်တန်းတွင် ရပ်ကွက်/ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦးတက်ရောက်ပြီး သင်တန်းကာလမှာဇူလိုင်(၃)ရက်နေ့ မှ ဇူလိုင် (၂၈)ရက်နေ့ထိ(၄)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost













No comments:

Post a Comment