နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်





MNP ၊   ဇူလိုင် ၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ယနေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။


စာဖတ်ဝိုင်းတွင် ရှေ့ဦးစွာနမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ခဲ့သည်။


ဆက်လက်၍ စာရေးဆရာထွန်းထွန်း (အဏ္ဏဝါဇီဝ) ၏ “သမိုင်းအစဉ်အလာအရ မြန်မာအမျိုးသမီးတို့၏ အခွင့်အရေးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ တက်ရောက်လာသည့် စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများအား အသီးသီးဖတ်ကြားဆွေးနွေးခဲ့ပြီး ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ထို့နောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်စာအုပ်စာစောင်ပြပွဲအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။


ယခုလို အသိပညာဗဟုသုတ ဘက်စုံဖွံ့ဖြိုးစေရေး စာဖတ်ဝိုင်းများကို လစဉ်စာအုပ်စာပေ ဝါသနာပါသူ (Club) အဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများဖြင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်ထံက သိရသည်။


လူမော် 

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)