Pages

Pages

သံတွဲမြို့၌မြန်မာအမျိုးသမီးများနေ့အခမ်းအနားကျင်းပ



MNP ၊   ဇူလိုင် ၃

ရခိုင်ပြည်နယ် ၊သံတွဲခရိုင်၊ မြို့နယ်အမျိုးသမီးးရေးရာအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃  ရက်နေ့တွင် ကျ‌ရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လယ် ၁၂ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ သံတွဲမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သင်းသင်းမာက မြန်မာ အမျိုးသမီးများနေ့အကြောင်းသိကောင်းစရာများနှင့် အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ထို့နောက် သံတွဲမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သီတာလွင် က လူကုန်ကူးမှုအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ သံတွဲမြို့နယ် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမောင်ဝင်း နှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးမင်းခန့်ကျော်တို့က အမျိုးသမီးများနှင့် ကလေးငယ်များ လူကုန်ကူးခံရမှုများ ကြိုတင်ကာကွယ်ရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ၊ ပြစ်မှု၊ပြစ်ဒဏ် များကိုအသိပညာပေး ဟောပြော ခဲ့ကြသည်။ 


ထို့နောက် သံတွဲမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်ညိုရင် က  အမျိုးသမီးအကြမ်း ဖက်မှုခံရနိုင်သည့် အခြေအနေများနှင့် တာဆီးကာကွယ်ရေးနည်းလမ်းများ၊ အကြမ်းဖက်ခံရ မှုဖြစ်ပွါးပါက စိတ်ဓာတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးမှုများနှင့် စောင့်ရှောက်ပေးနေမှု အခြေအနေ များကို အသိပညာပေးဟောပြောခဲ့ကြကြောင်းသိရသည်။ အခမ်းအနားအပြီးတွင် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ကျောင်းသူလေးများအားလူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။


 သန့်ဇင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment