ဇမ္ဗူသီရိမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များအား စာဖတ်သူလက်ဝယ်အရောက် ငှားရမ်းပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဇမ္ဗူသီရိမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များအား စာဖတ်သူလက်ဝယ်အရောက် ငှားရမ်းပေး

77


MNP ၊ ဇူလိုင် ၂၅      

ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံ ငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာရင်းစစ်ရုံးသို့ သွားရောက်၍ သုတ/ရသ စာအုပ် (၅၀) ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ရပ်ကွက်/ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းအပြင် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။


ဟိန်းသူအောင်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages