ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများ နှင့် အတူ မုန်တိုင်းဘေးကြောင့်‌လေဘေးသင့်ပြီး ပျက်စီးခဲ့သော အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ် ၊ လေဘေးသင့် ကျေးရွာများရှိပြည်သူများအား ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများ နှင့် အတူ မုန်တိုင်းဘေးကြောင့်‌လေဘေးသင့်ပြီး ပျက်စီးခဲ့သော အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ် ၊ လေဘေးသင့် ကျေးရွာများရှိပြည်သူများအား ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများ နှင့် အတူ မုန်တိုင်းဘေးကြောင့်‌လေဘေးသင့်ပြီး ပျက်စီးခဲ့သော အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ် ၊ လေဘေးသင့် ကျေးရွာများရှိပြည်သူများအား ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများ နှင့် အတူ မုန်တိုင်းဘေးကြောင့်‌လေဘေးသင့်ပြီး ပျက်စီးခဲ့သော အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ် ၊ လေဘေးသင့် ကျေးရွာများရှိပြည်သူများအား ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်







MNP ၊    ဇွန်   ၃၀

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊  ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး  နှင့် တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့်‌လေဘေးသင့်ပြီး ပျက်စီးခဲ့သော အ ခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ကာ လေဘေးသင့် ကျေးရွာ များရှိပြည်သူများအား ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြေပြင် ကွင်း ဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 


အဆိုပါ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်‌ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး  နှင့် တာ၀န်ရှိသူများသည် သရေကုန်းဘောင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ နှင့် မောရဝတီ ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတို့အား သွားရောက်ပြီး ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျောင်းအတွင်းနေထိုင်ကြသည့်  ဆရာ ၊ ဆရာမ များအတွက် ခေါက်ဆွဲ ခြောက် နှင့် ဂတ်(စ်) မီးဖို ၊ ဂတ်(စ်)ဗူးများ  အသီး သီး ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။ 


ထို့နောက် ပြန်လည် ထူထောင် ရေး အတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်‌ဆွေ၊ ခရိုင်စီမံ အုပ်ချုပ် ရေး အဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး  နှင့် တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သော ကျောက်ပန္ဒူ ကျေး ရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ ၊ မြိုယုကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း(ယာယီ) နှင့် ပဲရုံ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း တို့အား သွားရောက်ကာ  ကျောင်းအတွင်းနေထိုင်ကြသည့်  ဆရာ ၊ ဆရာမများ အတွက် ခေါက်ဆွဲခြောက် နှင့် ဂတ်(စ်)မီးဖို ၊ ဂတ်(စ်) ဗူး များ နှင့် ကျောင်းသားကျောင်းသူ များအတွက် ကျောင်း ဝတ်စုံများအား တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။ ယင်းနောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်‌ဆွေ၊ ခရိုင်စီမံ အုပ်ချုပ် ရေး အဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး  နှင့် တာ၀န်ရှိသူများသည် မုန်တိုင်း ဘေး ကြောင့် လေဘေးသင့်ခဲ့သော ကျောက်ပန္ဒူ ကျေးရွာ၊ မြိုယုကျေးရွာ ၊ ပဲရုံကျေးရွာ ၊ အင်းဒင်ကျေးရွာ နှင့် အောင်သုခကျေးရွာများရှိ ပြည်သူများ အတွက်ထောက်ပံ့ငွေ ၊ ရေသန့် ၊ ဆပ်ပြာတောင့် ၊ ဖိနပ် ၊ အမှိုက်ပုံး နှင့် ဝတ်စုံ များ အား အသီးသီးထောက်ပံ့ပေးအပ်ပြီး အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ကာ ကျောင်းထိုင် ဆရာတော်များအား ဖူးမျှေိာ်ကြည်ညိုကာ ဂတ်(စ်)မီးဖို ၊ ဂတ်(စ်) ဗူး  ၊ ဆပ်ပြာတောင့် နှင့် အမှိုက်ပုံးတို့အား တာဝန်ရှိသူများက လှူဒါန်းခဲ့ကြ‌‌ေကြာင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)