MNP ၊ ဇူလိုင် ၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပေါင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ချေးငွေများထုတ်ချေးပေးမှုနှင့်ပတ်သက်၍ ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာဦးယဥ်ဌေးက ချေးငွေထုတ်ယူသည့် တောင်သူများအားလိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများက ထုတ်ချေးပေးလျက်ရှိရာ ယနေ့ ရင်ငြိမ်မြောက်ကျေးရွာ နှင့် ကော့ထော်ကျေးရွာများသို့ စပါးစိုက်တောင်သူ ( ၃၁၀ )ဦးအား တစ်ဧကလျှင် (၁၅၀၀၀ဝိ/-) နှုန်းဖြင့် စပါးစိုက်ဧက ( ၂၇၇၉ ) ဧကအတွက် ( ၄၁၆၈.၅ ) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ချေးငွေထုတ်ယူမည့်ကျေးရွာပေါင်း (၄၇ )ရွာရှိပြီး တစ်ဧကလျှင် ( ၁၅၀၀၀ဝိ/-)နှုန်းဖြင့် မိုးစပါးစိုက်ဧက (၆၃၃၃၃)အတွက် စုစုပေါင်းချေးငွေပမာဏ သိန်းပေါင်း ကိုးသောင်းငါးထောင် ထုတ်ချေးရန်လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment