ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ



MNP ၊ ဇူလိုင် ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ကညင်တောရပ်ကွက်နှင့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်များအတွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များအား မြို့ပေါ် ပရဟိတအသင်းများက  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မြို့လုံးကျွတ်ခြင် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရွက်နေမှုတို့ကို သွားရောက် ကြည့်ရှုသည်။ ယင်းနောက် စေတီတောင်ရပ်ကွက်ရှိ သာသနဇောတိကာရုံ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ အဆိုပါကျောင်းတိုက်၌ နယ်လှည့် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများကို ကြည့်ရှုအားပေးပြီး ဆေးကုသမှုခံယူ နေသူများကို ဆီ၊ ရေသန့်၊ စားသောက်ဖွယ်ရာများနှင့် တိုင်းရင်းဆေး လုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းသည့် တိုင်းရင်းဆေးမျိုးစုံကို ပေးအပ်လှူဒါန်းကာ အားပေး စကားများ ပြောကြားသည်။ ၎င်းနောက် ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှု ခံယူနေသည့် နဂါးကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသကို သွားရောက်ဖူးမြော်ကြည်ညိုပြီး ကျန်းမာရေး အခြေအနေများအား မေးမြန်းလျောက်ထားကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အားဆေးများ ဆက်ကပ်လှူဒါန်းခဲ့သည်။

အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စုရှိ အမှတ်(၃) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျေးရွာအုပ်စု ၃ စုမှ ဒေသခံပြည်သူများအား နယ်လှည့်ဆေး ကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ် ရာများပေးအပ်ကာ အဆိုပါစာသင်ကျောင်း၌ လေဘေးသင့် ပြည်သူများအတွက် ဆောက်လုပ်ရေးပစ္စည်းများ၊ ဆန်နှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။ ယင်းနောက် ဆရာ၊ ဆရာမများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး အားပေးစကားများပြောကြားကာ စာသင် ကျောင်းဆောင် အဆောက်အဦ ပြန်လည်ပြုပြင်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ မြောက်ဦးမြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ် သောင်းထိုက်ရွှေ သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြောက်ဦးမြို့၊ မြို့တော်ခန်းမ၌ ရောက်ရှိ နေသော မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ် ၁၀၂၇ အိတ်ကို ကြည့်ရှုစစ်ဆေးပြီး မုန်တိုင်းသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံး ဖြန့်ဖြူးပေးနိုင်ရေး လိုအပ်သည်များ မှာကြားခဲ့သည်။

အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် နေဝင်းအောင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ တာဝန် ရှိသူများအား ထောက်ပံ့ပစ္စည်းများရောက်ရှိပါက ပစ္စည်းများ ဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်း ထားသိုရန်နှင့် ထားရှိမည့်နေရာများ ကြိုတင်ပြင်ဆင်နိုင်ရေး အခြေအနေများနှင့်ပတ်သက်၍ မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး ထောက်ပံ့ပစ္စည်းများ ထားရှိမည့် Cyclon Shelter သို့ သွားရောက်၍ ပစ္စည်းထားသိုမှုနှင့် ထားရှိမည့်နေရာများအား ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့အတူ ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဦးရာဇ်မင်္ဂလာကြိုးတံတား ပြုပြင် တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)