သရက်ချောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သရက်ချောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

110

111


MNP ၊   ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ပညာရတနာခန်းမ) ကျင်းပခဲ့သည်။


အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးဇော်လွင်က ကျောင်းသား/သူများအား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနည်းလမ်းများအကြောင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှပ်၊ ရှင်း၊ မှုတ် စကားလုံးအရှည်ကောက်အဓိပ္ပါယ်များကို ရှင်းလင်းခြင်း၊ ရေကန်၊ ရေစည်၊ ရေပုံး၊ ရေအိုး စသည့်ပစ္စည်းများတွင် အဘိတ်ဆေးခတ်ရမည့် အတိုင်းအတာများအကြောင်း၊ ကျောင်းသား/သူများအနေဖြင့် မိမိကိုယ်တိုင်၊ မိမိအိမ်ရှိ မိသားစုဝင်များ၊ အိမ်နီးနားချင်းများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ရန် စသည်ဖြင့် ရှင်းလင်းပြောကြားကာ ကျောင်းသား/သူများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း အဆိုပါဟောပြောပွဲသို့ အခြေခံပညာ(အ-ထ-က) သရက်ချောင်းကျောင်းမှ ဆရာမများနှင့် ကျောင်းသား/သူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးပိုင်

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages