MNP ၊ ဇူလိုင် ၃
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်း ချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်း တွင် ဝါခုတ်ချောင်းတပ်နယ်ရှိ၊ နယ်မြေခံတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထိုသို့ ဖျော်ဖြေတင်ဆက်ရာတွင် စစ်သည်/ စစ်သမီးများက မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်း အဆို/အကများ၊ တေးသရုပ်ဖော် အကများ၊ ရယ်ရွှင်ဖွယ်ရာ ဟာသပြဇာတ် ၊ ဒေသ၏ရိုးရာ ယဉ်ကျေးမှု အကအလှများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာ အသိပညာပေးအစီအစဉ်များဖြင့် ကဏ္ဍစုံလင်စွာ သီဆိုကပြ ဖျော်ဖြေကြရာ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များ ပျော်ရွှင်စွာ ကြည့်ရှု အားပေးကြသည်။ ထိုသို့ သီဆိုကပြဖျော်ဖြေသော စစ်သည်/ စစ်သမီးများအား နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူတို့က ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment