MNP ၊ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား မြို့နယ် ကုန်စျေးနှုန်းထိန်းညှိ လျော့ချရေးကော်မတီအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့က ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန်က စတင်၍ ရောင်းချပေးခဲ့ကြသည်။
စည်ပင်သာယာရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် မြို့နယ်ကုန်စျေးနှုန်း ထိန်းညှိလျော့ချရေး ကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်နှင့် ဝန်ထမ်းများက ပြင်ပဈေးနှုန်းထက် သက်သာစွာဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်တစ်ပြည် (၂၅၀၀)ကျပ်ဖြင့် (၃၈)ပြည်၊ အမဲသား(၂၅)ကျပ်သား၊ (၃၀၀၀)ကျပ်ဖြင့် (၁၈)ပိဿာ၊ ကြက်ဥ တစ်လုံး (၂၅၀)ကျပ် ဖြင့်(၁၀၈)လုံး၊ ဘဲဥတစ်လုံး (၃၀၀)ကျပ်ဖြင့် (၁၄၆)လုံး၊ ဆား၊ ပဲ၊ ပိန်းဥ၊ ကြက်သွန်နီနှင့် ဟင်းသီး ဟင်းရွက်မျိုးစုံတို့ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment