တောင်ကုတ်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး






MNP ၊   ဇူလိုင် ၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကို ယနေ့ နံနက်(၇)နာရီခွဲအချိန်က ကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝင်းအတွင်း၌ကျင်းပသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်တာဝန်ရှိသူများ က ခရိုင် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဌ ဒေါ်စန်းယုမြင့်နှင့်အဖွဲ့ဝင်များသို့ ပျိုးပင်များကိုလွှဲပြောင်းပေးအပ်ပြီးနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ များက စိန်ပန်း(၃၀)ပင် ၊ ကုက္ကို(၂၅)ပင်၊ပျဉ်းမ(၃၀)ပင် နှင့်ငုရွှေဝါ(၄၀)ပင် စုစုပေါင်း(၁၂၅)ကို စုပေါင်း စိုက်ပျိုးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ ဒေါ်စန်းယုမြင့် နှင့်အဖွဲ့ဝင်များ စုစုပေါင်း(၂၀၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)