စဉ့်ကိုင်မြို့နယ်က သဲစု (အ.မ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ဟောပြောပွဲ ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

စဉ့်ကိုင်မြို့နယ်က သဲစု (အ.မ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ဟောပြောပွဲ ဆောင်ရွက်

103

104

105

106


MNP ၊ ဇူလိုင် ၂၅      

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောင်းသား/ကျောင်းသူများ စာအုပ်၊ စာပေများဖတ်ရှု လေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှု့ လေ့လာနိုင်စေရန်၊ စာပေကို ပိုမိုမြတ်နိုး တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ (၁) နာရီက သဲစုအခြေခံပညာ မူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/ကျောင်းသူများအား  အသိပညာဗဟုသုတ  ဉာဏ်ရည်ဉာဏ်သွေးများ  တိုးတက်မြင့်မားလာစေရန်၊ အချိန်ရှိစဉ်ကာလတွင်  ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာဖြင့် ဘဝကိုတည်ဆောက်ကြရန်၊ အချိန်အားလျှင်စာအုပ်စာပေများကို  ဖတ်ရှု့ခြင်းဖြင့် အသိပညာ ဗဟုသုတများကို ရှာဖွေစေလိုကြောင်း ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သူဇာမှ ကျောင်းသား/ကျောင်းသူများအား စာအုပ် စာစောင်များကို ဖတ်ရှု့ခြင်းဖြင့် အတွေးအခေါ်များ ရင့်သန်လာစေခြင်း၊ သင်ကြားထားတဲ့ အတန်းပညာများနဲ့ စာပေကရတဲ့  အသိပညာဗဟုသုတတွေနဲ့ ပေါင်းစပ်ပြီးတော့ အသိဉာဏ်များ တိုးပွားစေရန်၊ အမှားအမှန်ကို ကောင်းစွာဝေဖန်ပိုင်းခြားနိုင်ခြင်း အစရှိသည့်   အကြောင်းအရာများကို ဟောပြောခဲ့သည်။


ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။


ကျော့မူယာမောင်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages