MNP ၊ ဇူလိုင် ၁
၂၀၂၃ ခုနှစ် ပညာရေးဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက မင်္ဂလာကံ့ကော်ပင်ကို ဦးစွာစိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဧည့်သည်တော်များက ပိတောက်၊ မဟော်ဂနီ၊ ကျွန်း၊ ကုက္ကိုနှင့် ဆီသပြေပင်များကို သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးပြီး ရင်းရင်း နှီးနှီးနှုတ်ဆက်ကာ ယနေ့စိုက်ပျိုးသည့်သစ်ပင်များ ရှင်သန်ကြီးထွားအောင် ဂရုစိုက်ကြစေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနရှိ ပညာရေးမိသားစုများ၊ ဆရာဆရာမ၊ကျောင်းသား ကျောင်းသူများအနေဖြင့် နှစ်စဉ်နှစ်တိုင်း သစ်ပင်စိုက်ပျိုးမှုအစဉ်အလာ ကောင်းများကို လက်ဆင့်ကမ်း ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ယနေ့ကျင်းပသည့် ၂၀၂၃ ခုနှစ် ပညာရေးဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်တွင် ကံ့ကော်(၁)ပင်၊ ဆီသပြေပင်(၃၀)၊ ပိတောက်(၁၀)ပင်၊ မဟော်ဂနီ (၁၀)ပင်၊ ကျွန်းပင်အပင်(၂၀၀)နှင့် ကုက္ကိုပင်အပင်(၅၀) စုစုပေါင်း(၃၀၁) ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment